ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
Home­FAQ­Search­Memberlist­Usergroups­Register­Log in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» Use your phone as wireless webcam
Tue Sep 22, 2009 9:46 am by Admin

» အင်တာဗျူး အတွက် ပြင်ဆင်ရန်
Tue Jun 09, 2009 4:54 am by Anonymous

» G talk အတွက် virus အသစ်
Thu May 28, 2009 10:52 am by Anonymous

» နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု
Mon Feb 02, 2009 5:40 am by beautycheaser

» Gtalk Shortcuts လေးတွေ မှတ်ထားကြမယ်
Tue Jan 27, 2009 1:02 am by cothar

» ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း
Sun Jan 18, 2009 6:45 am by Admin

» တစ်ခါသုံး GSM ဖုန်းကာဒ်များ
Tue Jan 13, 2009 3:54 am by Admin

» နှလုံးသားအဟာရ စာစုများ
Sat Dec 13, 2008 12:02 pm by Admin

» သြော့့် ယောင်္ကျား သြော့့် မိန်းမ
Sat Dec 13, 2008 11:14 am by beautycheaser

March 2010
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
293031    
CalendarCalendar
Post new topic   Reply to topicShare | 
 

 သြော့့် ယောင်္ကျား သြော့့် မိန်းမ

View previous topic View next topic Go down 
AuthorMessage
beautycheaser
Profession
Profession


Number of posts: 15
Registration date: 2008-10-22

PostSubject: သြော့့် ယောင်္ကျား သြော့့် မိန်းမ   Sat Dec 13, 2008 11:14 am

(၁) သြော်...ယောက်ျား

တွေ့ကာစ
ဟာ.. ချစ်စရာလေး...ဖြူလွှလွှလေး... နတ်သမီးလေးကျနေတာပဲ။

ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး....ငါ့သူ့ကိုပဲ လက်ထပ်မယ်။

လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ
စိတ်ကောက်တတ်တာလေး တစ်ခုပဲ။

လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ...အကျိုးသင့် အကြောင်းသင့်
မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်...

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့
နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။
ငါ့ကိုလည်း နားလည် ပေးတတ်တယ်။

လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း
သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ
ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ....


~~~~~~~~~~~~~~~~~~~~~~~~



(၂) သြော်.....မိန်းမ

တွေ့ကာစ
ဟင်း..မအူမလည်လေး... တုံးအအ ပုံစံလေးနဲ့...ချစ်ဖို့ကောင်းတယ်

ချစ်စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ
လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။

လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။
ကြိုးစားတယ်။

လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ
မလဲတောင် မသိဘူး။

လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား...

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊
ခေါင်းက မာသေး...

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး...

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ....



~~~~~~~~~~~~~~~~~~~~~~~~
Back to top Go down
View user profile
 

သြော့့် ယောင်္ကျား သြော့့် မိန်းမ

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
moethgyar community club :: L- O- V- E :: အချစ်ဆိုသည်မှာ....-
Post new topic   Reply to topic