ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeFAQSearchMemberlistUsergroupsRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
Fri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
Fri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
Fri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
Fri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
Fri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
Fri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
Fri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
Fri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
Fri Jul 08, 2011 12:46 am by manawphyulay

December 2016
MonTueWedThuFriSatSun
   1234
567891011
12131415161718
19202122232425
262728293031 
CalendarCalendar

Share | 
 

 G talk virus အသစ်ကို သတ်ကြရအောင်...

View previous topic View next topic Go down 
AuthorMessage
Admin
Admin
Admin


Number of posts : 65
Age : 40
Location : Singapore
Registration date : 2008-10-18

PostSubject: G talk virus အသစ်ကို သတ်ကြရအောင်...   Fri Nov 21, 2008 10:28 pm

ကဲ.. လာထားကွာ စပြီးနပမ်းလုံးကြရအောင်ဗျာ သူသေကိုယ်ကတော့ မသေပေါ့ဗျာ.....
စပြီး Virus ကူးခံရပြီဆိုတာနဲ့  G talk နဲ့  Yahoo messenger တွေပိတ်ပစ်လိုက်တော့ဗျာ
စကြရအောင်ဗျို့ 
၁ ။ အရင်ဆုံး hidden folder တွေကို show ပေးရမယ်။ အဲဒီ အတွက် Folder Options သုံးရမယ်။ အဲဒါတွေက အကိုက်ခံရတဲ့အထဲ ပါတယ်လေ။ အောက်က Software လေး သုံးလိုက်မယ်။ အောက်က ပုံကို နှိပ်ပြီး ယူလိုက်ပါ။



အဲဒါလည်းကို Run လိုက်ရင် မိမိမှာ ငြိနေသမျှ options တွေ black color ဖြစ်နေလိမ့်မယ်။ Check All ကိုနှိပ်။ ပြီးရင် Remove ကိုဆက်နှိပ်။ Exit ပေးလိုက်တော့။ ဒါဆိုရင် အဲဒီ Options အားလုံးပြန်သုံးလို့ရပြီ။



တကယ်လို့ အကုန်မဖျတ်မိပဲ အဲဒီ ဖိုင်ကို D-Click နဲ့ ထပ် run မိရင် ဗိုင်းရပ် ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ် အတိုက်ခံပြီးတဲ့ ကွန်ပျူတာကို အချိန်ပေးနိုင်တာနဲ့ ၀င်းဒိုး ပြန်တင်ဖို့ တိုက်တွန်းပါတယ်။

My Computer ဖွင့် Tools - Folder Options - View မှာ Show Hidden Files and Folder ကို check ပေးပြီး Hidden ဖိုင်တွေကို ဖော်လိုက်ပါ။



၂။ Chrome.exe တွေကို ဖျတ်မယ်။ နှစ်နေရာမှာ အရင်ဖြတ်ပေးရမယ်။ အရင်ဆုံး C:\Windows ထဲမှာ Chrome.exe ဆိုတာကို ရှာပါ။ Folder icon နဲ့ ဖြစ်နေလိမ့်မယ်။ ( C မှာ windows တင်ထားတဲ့ လူတွေအတွက် ရည်ရွယ်ပြောတာပါ၊)



အဲဒီ ဖိုင်က အခု အလုပ်လုပ်နေတဲ့ ဖိုင် ဖြစ်တဲ့အတွက် delete နှိပ်ဖျတ်လို့ မရပါဘူး။ (တစ်ခြို့ စက်မှာတော့ ဖျတ်လို့ရတယ်ဗျ။ ဗိုင်းရပ်ချင်းတူပေမယ့် တစ်ခါတစ်လေ သက်ရောက်မှုမတူပါဘူး။ ၀င်းဒိုးပေါ်လည်း မူတည်ပါတယ်။) အဲဒီ process ကို ရပ်ပေးဖို့အတွက် ဒီတိုင်း ဖျတ်လို့မရတဲ့စက်မှာ Unlocker သုံးပြီး ဖျတ်ရပါတယ်။ မရှိရင် ဒီမှာယူပါ ။ Unlocker run ပြီးရင် chrome.exe မှာ R-Click လုပ် unlocker ကို နှိပ်ပါ။



ပေါ်လာတဲ့ pop-up လေးမှာ Delete ကို ရွေးပြီး Ok ပေးလိုက်ပါ။



နောက်တစ်နေရာ အနေနဲ့ System32 ထဲမှာ chrome.exe ကို ရှာပါ။ C:\Windows\System32 မှာ ဖြစ်ပါတယ်။



ခုနက အတိုင်းပဲ right click, Unlocker နှိပ်ပြီး Delete လုပ်ပေးပါ။ တကယ်လို့ ချက်ခြင်း မဖျတ်ပေးနိုင်ဘူးဆိုရင် အောက်ပါအတိုင်းပေါ်ပါတယ်။ နောက်တစ်ခါ ၀င်းဒိုး ပြန်တက်တာနဲ့ ဖျတ်ပြီးသား ဖြစ်နေပါလိမ့်မယ်။



နောက်တစ်ခုက အဲဒီ System32 ထဲကပဲ autorun.ini ဖြစ်ပါတယ်။



အဲဒါကို D-Click နဲ့ ဖွင့်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါမယ်။



အဲဒီ autorun ကိုလည်း ဖျတ်ပေးပါ။


၃။ အခြား Drive တွေ ထဲကပါ ဖျတ်ပေးပါ။ ဒီ့အတွက် Winrar ကို သုံးလိုက်ပါတယ်။ မရှိရင် ဒီမှာယူပါ။ Run ပြီးရင် All programs ထဲက Winrar ကို ရှာပြီး ဖွင့်ပါ။



winrar ရဲ့ Address bar မှာ D:\ လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် အောက်ပါအတိုင်း ဖိုင်သုံးဖိုင်ကို မြင်ရပါမယ်။
Chrome.exe, New Folder.exe, autorun.inf

အဲဒီ သုံးဖိုင်ကို ဖျတ်ပေးပါ။ အခြားသော Drive များကိုလည်း မိမိ partitions ခွဲထားသမျှ လိုက်ဖျတ်ပေးပါ။ ကျနော်ဆို ၆ ပိုင်းခွဲထားလို့ D:\ ကနေ H:\ ထိ ဖျတ်ပေးရပါတယ်။



၎။ နောက်တစ်ခုက Start up ဖြစ်ပါတယ်။ Run မှာ msconfig လို့ ရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ System Configuration Utility ရဲ့ Start up မှာ အောက်မှာ ပြထားတဲ့အတိုင်း Disable All ပေးလိုက်ပါ။



ပြီးရင် Ok နှိပ်ပြီး Restart ပေးလိုက်ပါ။




၅။ ၀င်းဒိုးပြန်တက်လာတာနဲ့ အောက်ပါအတိုင်း Alert ပေါ်ပါလိမ့်မယ်။ (Run မှာ chrome.exe လို့ ရိုက်ရှာလို့ system32 ထဲမှာ မရှိတော့တဲ့အတွက် ပေါ်တဲ့ Alert ပဲဖြစ်ပါတယ်။)



အဲဒါကို ဖျတ်ဖို့အတွက် Run မှာ regedit လို့ ရိုက်ပြီး Registry Editor ကို ၀င်လိုက်ပါ။ အောက်ပါ D-Tree အတိုင်း ရှာပေးပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon

Winlogon ကို နှိပ်ပြီး ညာဘက်မှာ shell ဆိုတာကို ရှာပေးပါ။ အောက်ပါအတိုင်း တွေ့ပါလိမ့်မယ်။



အဲဒါလေးကို ဖျတ်လိုက်ပါ။ နောက်တစ်ခါ windows တက်ရင် မပေါ်တော့ပါဘူး။

၆။ နောက်တစ်ခုက Drive တိုင်းမှာ ပိုနေတဲ့ folder နှစ်ခု တွေ့ပါလိမ့်မယ်။ System Volume Information နဲ့ RECYCLER ဖြစ်ပါတယ်။



အဲဒါကို ဖျောက်ဖို့အတွက် Tools - Folder Options - View မှာ Hide protected operating system files (Recommended) ကို check ပေးပါ။ (အောက်မှာ ပြထားတဲ့ အတိုင်း Hidden ဖိုင်တွေ ပထမဆုံးထဲက Show ပေးပြီးဖြစ်ပါတယ်)



OK နှိပ်လိုက်တာနဲ့ ကျနော်ပြောတဲ့ folder နှစ်ခု ပျောက်သွားပါလိမ့်မယ်။
တစ်ခြို့ကွန်ပျူတာတွေမှာတော့ ကျနော်အရင်ပို့စ်မှာ ပြောထားတဲ့ အတိုင်း folder တိုင်းမှာ အဲဒီ folder နာမည်နဲ့ exe file type နဲ့ ထပ်ဝင်နေပါလိမ့်မယ်။ Delete နှိပ်ပြီး ဖျတ်ပေးလို့ရပါတယ်။



တကယ်လို့ အကုန်မဖျတ်မိပဲ အဲဒီ ဖိုင်ကို D-Click နဲ့ ထပ် run မိရင် ဗိုင်းရပ် ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ် အတိုက်ခံပြီးတဲ့ ကွန်ပျူတာကို အချိန်ပေးနိုင်တာနဲ့ ၀င်းဒိုး ပြန်တင်ဖို့ တိုက်တွန်းပါတယ်။

ရေးသူ ကိုသံလုံ ကိုကျေးဇူးအထူးတင်ပါတယ်... အကျိုးရှိမယ့်ကြောင်းရာလေးတွေ သင့်သလိုပြန်လည်ဖြန့် ဝေသွားမှာပါ.......
Back to top Go down
View user profile http://moethagyar.4rumer.com
 
G talk virus အသစ်ကို သတ်ကြရအောင်...
View previous topic View next topic Back to top 
Page 1 of 1
 Similar topics
-
» SmackDown! talk
» Pair talk ...
» Virus on BHR Forum
» CHL Talk - Injuries, signings, factoids + other news from around the three leagues
» Beware Of Hanta Virus found in Palomar Mountain!

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: Internet နှင့် နည်းပညာဆိုင်ရာ :: Internet နှင့် Computer ဆိုင်ရာ :: Chating နှင့် ပက်သက်သမျှ-
Jump to: